Personal License သည်မိမိကိုယ်ပိုင် project များနှင့် Client project များ (အသေးစားနှင့် အလတ်စား) လုပ်ငန်းများအတွက် အသုံးပြုနိုင်ရန် ရည်ရွယ်ထားသော လိုင်စင်ဖြစ်သည်။
School projects
ကျောင်းနှင့်ပတ်သက်သော ဒီဇိုင်းများနှင့် ပရောဂျက်များမှာ အသုံးပြုနိုင်ပါသည်။
Non-profit layouts
အများပြည်သူအကျိုးပြု လုပ်ငန်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အကျိုးအမြတ်မယူသော နေရာများတွင် အသုံးပြုနိုင်သည်။
Personal and Client Social medias
မိမိကိုယ်ပိုင် နှင့် Client များအတွက် ကြော်ငြာပိုစတာများ၊ Cover photo များနှင့် Social media တွေမှာတင်မယ့် ပုံတွေနဲ့ content ဒီဇိုင်းတွေမှာ စိတ်ကြိုက် အသုံးပြုနိုင်သည်။
Business Cards, Flyers & Posters
စီးပွါးဖြစ်ပွဲများ (သို့) ပရိုမိုးရှင်းပွဲများအတွက် လိပ်စာကတ်များ၊ စာအိတ်များနှင့် letterheads ဒီဇိုင်းများ၊ Flyers, Posters, Brochures များနှင့် လက်ကမ်းစာစောင်များကို ပုံနှိပ်ထုတ်ဝေရန် ဒီဇိုင်းဆွဲနိုင်သည်။
Videos & Motion Graphics
Social media video content များနှင့် Client များ၏ ကြော်ငြာ video များတွင် ထည့်သွင်း အသုံးပြုနိုင်သည်။
Logos For SMEs
စာလုံးဒီဇိုင်းများကို လေ့လာခြင်း၊ ဒီဇိုင်းစမ်းသပ်ဆွဲခြင်းများတွင် အသုံးပြုနိုင်သည်။
သတိပြုရန် - ဤလိုင်စင်သည် ကုမ္ပဏီ (သို့) ကော်ပိုရိတ်လုပ်ငန်းကြီးများ၏ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသုံးပြုမည့် အကြီးစား Brand Identity များ (ဥပမာ- လမ်းဘေး Billboards ကြီးများ၊ ကုန်ပစ္စည်း Packaging အကြီးစားများ) အတွက် အကျုံးမဝင်ပါ။ ထိုကဲ့သို့ လုပ်ငန်းကြီးများအတွက် အကန့်သတ်ချက်မဲ့ အသုံးပြုနိုင်သော Commercial License ကို ဝယ်ယူရန် လိုအပ်ပါသည်။
# နတ်ပန်းချီမှ (Free and Paid) ပုံများ၊ ဒီဇိုင်းများနှင့် ဖောင့်များကို ပြန်ရောင်းစားခြင်း၊ ဒေါင်းပြီး တခြား Social Media များတွင် ပြန်တင်ပေးခြင်း၊ Ai Feeding လုပ်ခြင်း ခွင့်မပြုပါ။ ပုံများ၊ ဖောင့်များကို အကြောင်းပြုပြီး Photo Editor Apps များနှင့် တခြား Canva ကဲ့သို့သော Online Tool များတွင်ထည့်သွင်းပြီး အကောင့်ပြန်ရောင်းစားခြင်း (လုံးဝ) ခွင့်မပြုပါ။ ခွင့်ပြုချက်မရှိပဲ ဖောင့်ဖိုင်အတွင်း တိုင်းရင်းသားစာများဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြန်လည်ဖြန့်ဝေခြင်း လုံးဝ ခွင့်မပြုပါ။