License

Digital Embedding

Digital Embedding License သည် ပုံ၊ Font ဖိုင်ကို ဝက်ဆိုဒ်များ၊ မိုဘိုင်းအပလီကေးရှင်းများနှင့် ဂိမ်းများ၏ ဆော့ဖ်ဝဲကုဒ် (Software code) အတွင်းသို့ တိုက်ရိုက်ထည့်သွင်းမြှုပ်၍ Dynamic Text အနေဖြင့် ပြသအသုံးပြုမည့် လုပ်ငန်းများအတွက်ရည်ရွယ်ပါသည်။

This license supports

Digital Embedding

  • ဝက်ဆိုဒ်များတွင် Web font (@font-face) အဖြစ် ကုဒ်အတွင်းထည့်သွင်းကာ စာပိုဒ်များနှင့် ခေါင်းစဉ်များကို စာသား (text format) အတိုင်းဖတ်ရှုနိုင်ရန်ပြသခြင်း။
  • Android/ iOS မိုဘိုင်းအပလီကေးရှင်း (Mobile apps) များ၏ Application package ဖိုင်အတွင်း ထည့်သွင်းမြှုပ်နှံ၍အသုံးပြုခြင်း။
  • PC, Mobile သို့မဟုတ် Web games များ၏ Application ကုဒ်အတွင်း Font ဖိုင်ကိုထည့်သွင်းတည်ဆောက် (Build) ခြင်း။

Strict Restrictions

သတိပြုရန် - ဤ Digital Embedding License သည် လုပ်ငန်း (၁)ခု အတွက်သာ အသုံးပြုခွင့်ရှိပါသည်။ ဝယ်ယူသူအနေဖြင့် မိမိ၏ Website (သို့) Mobile App (သို့) Desktop Software များထဲမှ သတ်မှတ်ထားသော တစ်ခုတည်းတွင်သာ ထည့်သွင်းအသုံးပြုခွင့် ရှိမည်ဖြစ်ပါသည်။

သတိပြုရန် - အသုံးပြုသူ (End-user) က ၎င်း Font ကိုသုံးပြီး စာသားများ ကိုယ်တိုင်ရိုက်နှိပ် ပြင်ဆင်နိုင်သော စနစ်မျိုး (ဥပမာ - Photo Editor App, Canva ကဲ့သို့သော Online Tool များ) တွင် ထည့်သွင်းအသုံးပြုခြင်းကို (လုံးဝ) ခွင့်မပြုပါ။

# နတ်ပန်းချီမှ (Free and Paid) ပုံများ၊ ဒီဇိုင်းများနှင့် ဖောင့်များကို ပြန်ရောင်းစားခြင်း၊ ဒေါင်းပြီး တခြား Social Media များတွင် ပြန်တင်ပေးခြင်း၊ Ai Feeding လုပ်ခြင်း ခွင့်မပြုပါ။ ပုံများ၊ ဖောင့်များကို အကြောင်းပြုပြီး Photo Editor Apps များနှင့် တခြား Canva ကဲ့သို့သော Online Tool များတွင်ထည့်သွင်းပြီး အကောင့်ပြန်ရောင်းစားခြင်း (လုံးဝ) ခွင့်မပြုပါ။ ခွင့်ပြုချက်မရှိပဲ ဖောင့်ဖိုင်အတွင်း တိုင်းရင်းသားစာများဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြန်လည်ဖြန့်ဝေခြင်း လုံးဝ ခွင့်မပြုပါ။