License

Commercial

Commercial License သည် ကုမ္ပဏီကြီးများ၊ အဆင့်မြင့်အမှတ်တံဆိပ် (Enterprise/ Corporate ) များ၏ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသုံးပြုမည့် အကြီးစားအလုပ်ငန်းသုံး Branding များနှင့် ကြော်ငြာလုပ်ငန်းများအတွက် အကန့်အသတ်မရှိ အသုံးပြုနိုင်ပါသည်။

This license supports

Corporate Brand Identity

ကုမ္ပဏီကြီးအားလုံး၏ media channel အားလုံးမှာ ခိုင်မာတဲ့ Brand identity တစ်ခုဖြစ်ဖို့ စိတ်ချလက်ချအသုံးပြုနိုင်သည်။

Merchandise & Product Packaging

စျေးကွက်အတွင်း အမြောက်အများ ဖြန့်ချိရောင်းချမည့် တီရှပ်၊ အင်္ကျီ၊ ခွက် (သို့) အမှတ်တရပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ၏ Packaging ဘူးခွံများတွင် တံဆိတ်ရိုက်နှိပ် အသုံးပြုနိုင်သည်။

PDGs & Corporate Reports

ကုမ္ပဏီကြီးများ၏ တရားဝင် Company profiles များ၊ နှစ်ချုပ်အစီရင်ခံစာ Annual reports များနှင့် လုပ်ငန်းသုံး Digital document များတွင် သုံးနိုင်သည်။

Signage & Billboards

အဆောက်အအုံအတွင်း ဆိုင်းဘုတ်များသာမက လမ်းမကြီးများပေါ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြသသော အကြီးစား Outdoor Billboard ကြော်ငြာဘုတ်ကြီးများတွင် သုံးနိုင်သည်။

Commercial Videos & Ads

ရုပ်သံလိုင်းများ (TV Commercial)၊ ရုပ်ရှင်ရုံကြီးများ (Cinema Ads) နှင့် အဓိက မီဒီယာကြီးများပေါ်တွင် ပြသမည့် လုပ်ငန်းသုံး ကြော်ငြာမီဒီယာများတွင် သုံးနိုင်သည်။

All Freelance Cases

Personal License တွင် ခွင့်ပြုထားသော လုပ်ပိုင်ခွင့်များအားလုံးကို လုပ်ငန်းပမာဏ ကန့်သတ်ချက်မရှိပဲ အပြည့်အဝ အသုံးပြုနိုင်သည်။

# နတ်ပန်းချီမှ (Free and Paid) ပုံများ၊ ဒီဇိုင်းများနှင့် ဖောင့်များကို ပြန်ရောင်းစားခြင်း၊ ဒေါင်းပြီး တခြား Social Media များတွင် ပြန်တင်ပေးခြင်း၊ Ai Feeding လုပ်ခြင်း ခွင့်မပြုပါ။ ပုံများ၊ ဖောင့်များကို အကြောင်းပြုပြီး Photo Editor Apps များနှင့် တခြား Canva ကဲ့သို့သော Online Tool များတွင်ထည့်သွင်းပြီး အကောင့်ပြန်ရောင်းစားခြင်း (လုံးဝ) ခွင့်မပြုပါ။ ခွင့်ပြုချက်မရှိပဲ ဖောင့်ဖိုင်အတွင်း တိုင်းရင်းသားစာများဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြန်လည်ဖြန့်ဝေခြင်း လုံးဝ ခွင့်မပြုပါ။