License
Book Publishing
စာအုပ် ထုတ်ဝေခြင်းလိုင်စင်သည် မည်သည့်စာအုပ်ထုတ်ဝေခြင်းတွင်မဆို အသုံးပြုနိုင်ပါသည်။
This license supports
- စာအုပ်ထုတ်ဝေခြင်းလိုင်စင်သည် ဖောင့်ကိုအသုံးပြုသော စာအုပ်ထုတ်ဝေသူများအတွက်သာမက မည်သည့်မီဒီယာတွင်မဆို ဖောင့်ကိုအသုံးပြု၍ ဤစာအုပ်များကို အရောင်းမြှင့်တင်ရန်အတွက်ပါ အသုံးပြုနိုင်ပါသည်။
- စာအုပ်ထုတ်ဝေခြင်းဆိုရာ၌ မဂ္ဂဇင်းကဲ့သို့သော စာအုပ်တစ်အုပ်လုံးတွင်ရှိသော စာများအား ဖတ်ရှုရန်အတွက် Body text အဖြစ် ဖော်ပြထားခြင်းကို ဆိုလိုပါသည်။
- မဂ္ဂဇင်းများတွင် ခေါင်းစီးအနေဖြင့်ဖော်ပြသော စာလုံးများ၊ Flyer (သို့) Brochure ကဲ့သို့သော Printing များအတွက် Book publishing license ဝယ်ယူရန်မလိုအပ်ပါ။ သက်ဆိုင်ရာ Personal (သို့) commercial license များကိုသာ ဝယ်ယူရန် လိုအပ်ပါသည်။
# နတ်ပန်းချီမှ (Free and Paid) ပုံများ၊ ဒီဇိုင်းများနှင့် ဖောင့်များကို ပြန်ရောင်းစားခြင်း၊ ဒေါင်းပြီး တခြား Social Media များတွင် ပြန်တင်ပေးခြင်း၊ Ai Feeding လုပ်ခြင်း ခွင့်မပြုပါ။ ပုံများ၊ ဖောင့်များကို အကြောင်းပြုပြီး Photo Editor Apps များနှင့် တခြား Canva ကဲ့သို့သော Online Tool များတွင်ထည့်သွင်းပြီး အကောင့်ပြန်ရောင်းစားခြင်း (လုံးဝ) ခွင့်မပြုပါ။ ခွင့်ပြုချက်မရှိပဲ ဖောင့်ဖိုင်အတွင်း တိုင်းရင်းသားစာများဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြန်လည်ဖြန့်ဝေခြင်း လုံးဝ ခွင့်မပြုပါ။