SPACE Art School ရဲ့နွေရာသီ ခလေးပန်းချီသင်တန်း

Ph: ဖုန်း - 09250088235/ 09262624950/ 09756606410

Yangon

Address: သင်တန်းတည်နေရာ - အမှတ် ၉၈၀၊ ဦးပုညလမ်း၊ ၃၅ရပ်ကွက်၊ မြောက်ဒဂုံ (၃၅မှတ်တိုင်နဲ့ ဆက်သွယ်ရေးမှတ်တိုင်ကြား)

Description

SPACE Art School ရဲ့နွေရာသီ ခလေးပန်းချီသင်တန်း

SPACE Art School ရဲ့နွေရာသီ ပန်းချီသင်တန်းလေးမှာ သားသားမီးမီးလေးတို့၏ နွေကျောင်းပိတ်ရက်များကို ရောင်စုံစိတ်ကူးများ၊ အနုပညာဖန်တီးမှုများနဲ့အတူ အကျိုးရှိရှိ ဖြတ်သန်းလိုက်ပါ ✨🌈 🌟အသက်(၆) နှစ်မှ(၁၂) နှစ် သားသားမီးမီးတို့အတွက် နွေရာသီပန်းချီသင်တန်းတန်းခွဲလေးများ စတင်လက်ခံနေပါပြီ။🌟 🎨သင်တန်းကို ဂျပန်နိုင်ငံTokyo Gakugei University ကနေ Art Educationနဲ့ Master Degreeရလာတဲ့ ဆရာဦးဇေယျာအေးကဦးစီးပြီး ပန်းချီအထူးပြုယူထားကြသောဆရာဆရာမများမှ စနစ်တကျသင်ကြားပေးမှာဖြစ်ပါတယ်။ သင်ရိုးကို ဂျပန်နိုင်ငံမှာသင်ယူလေ့လာခဲ့တဲ့ ပညာတွေပေါ်အခြေခံပြီး နိုင်ငံတကာအဆင့်မှီသင်ရိုးပုံစံရေးဆွဲထားပါတယ်။ 🎨ကလေးများအတွက် ပန်းချီသင်တန်းတွင်သင်ယူရမည့် ဘာသာရပ်များ🎨 ✏️အခြေခံပုံဆွဲ(Basic Drawing) အခြေခံပုံဆွဲဘာသာရပ်မှာ မျဉ်းများရေးဆွဲပုံ၊ ပုံသဏ္ဍန်များဘယ်လိုတည်ဆောက်ရတယ်၊ ထုထည်ဆိုတာဘာလဲ စတာတွေအပြင် မိမိရေးဆွဲလိုသော ပုံများကို ဘယ်လိုတည်ဆောက် ရေးဆွဲရမယ် ဆိုတာကို လက်တွေ့သင်ကြားပေးပါတယ်။ ကလေးငယ်များရဲ့လက်ချောင်းလေးများကို ပိုမိုသန်မာပြီး၊ ဟန်ချက်ထိန်းနိုင်သော လေ့ကျင့်ခန်း များလည်းဖြစ်ပါတယ်။ 🌈ဆေးရောင်စုံပန်းချီ (Painting) ဆေးရောင်စုံပန်းချီမှာတော့ ခရေရွန် (Crayons)၊ ပက်စတယ်(Pastel)၊ရောင်စုံခဲတံ(Coloured pencil)၊ ရေဆေးစတဲ့ ပစ္စည်းများကို အသုံးပြုပြီးရေးခြယ်သင်ကြားရမှာဖြစ်ပါတယ်။ အရောင်များရဲ့သဘောသဘာဝ၊ ဆေးရောင်စပ်ပုံ၊ ဆေးခြယ်နည်း တို့ကိုစနစ်တကျသင်ကြားပေးမှာ ဖြစ်ပါတယ်။ 💡လက်မှုအနုပညာ(Creative Art and Craft)ဟာ ကလေးငယ်များရဲ့ Fine motor skills၊ Problem solving skills များဖွံ့ဖြိုးတိုးတက်မှုနှင့် စိတ်ကူးဖန်တီးနိုင်မှုစွမ်းအားများပိုမိုအားကောင်းလာစေပါတယ်။ မီဒီယမ်အမျိုးမျိုးကိုအသုံးပြု၍ အနုပညာအမြင်နဲ့ ပေါင်းစပ်ပြီးလက်မှုဖန်တီးမှုတွေ ပြုလုပ်ကြရမှာဖြစ်ပါတယ်။ 🗓️သင်တန်းကာလ _ မတ်လ ၃ရက်နေ့မှ မေလ ၂၇ရက်နေ့အထိ 🟥သင်တန်းချိန် __ အင်္ဂါ၊ ဗုဒ္ဓဟူး ။ • Sec:A မနက် ၉:၃၀ နာရီ - ၁၁းဝဝ နာရီ • Sec:B နေ့လည် ၂း၃ဝ နာရီ - ၄းဝဝ နာရီ 🟥သင်တန်းကြေး နွေရာသီသုံးလ 300000(သုံးသိန်းကျပ်)ပါ။ ကလေးမှ မည်သည့်ပစ္စည်းမှ ယူလာစရာမလိုပဲ သင်တန်းကပစ္စည်းများကိုသာ အသုံးပြုရမှာဖြစ်ပါတယ်။ 🟥(ဧပြီလ သင်္ကြန်ပိတ်ရက် - ဧပြီလ ၁၄ရက်၊ ၁၅ရက်၊ ၂၁ရက် နှင့် ၂၂ရက်) 🏡သင်တန်းတည်နေရာ အမှတ် ၉၈၀၊ဦးပုညလမ်း၊ ၃၅ရပ်ကွက် ၊မြောက်ဒဂုံ (၃၅မှတ်တိုင်နဲ့ ဆက်သွယ်ရေးမှတ်တိုင်ကြား) အသေးစိတ် သိရှိလိုပါက ☎️ဖုန်း 09250088235/09262624950/ 09756606410 သို့ဖြစ်စေ ✉️ပေ့ချ် messengerကနေဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်။ 🔔လူဦးရေကန့်သတ်ထားသည့်အတွက် အမြန်ဆုံးစာရင်းပေးအပ်နှံနိုင်ပါပြီ🔔