သင်္ကြန်ပို့စကတ်နှင့် မျက်နှာဖုံးပုံလေးများ

Details

သင်္ကြန်ပို့စကတ်ပုံလေးများ

သင်္ကြန်

သင်္ကြန်ဟူသော ဝေါဟာရသည် သင်္ကန္တခေါ် ပါဠိဘာသာ၊ သင်္ကြန္တခေါ် သက္ကတဘာသာမှ သက်ဆင်းလာသော ဝေါဟာရဖြစ်သည်။သင်္ကန္တ၊ သင်္ကြန္တ ဟူသည် ကူးပြောင်းခြင်းဟု အနက်အဓိပ္ပာယ်ရသည်။ တပေါင်းလတွင် မြန်မာနှစ် တစ်နှစ်ကုန်ဆုံးကာ နှစ်ဟောင်းကုန်၍ တန်ခူးလတွင် နှစ်သစ်ကြုံရသောကာလ၊ နှစ်သစ်ကူးပြောင်းသောကာလတွင် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဆင်နွဲကြသည်။ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့၌ ကျင်းပသည့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ညီလာခံက မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅ရက်နေ့တွင် ထည့်သွင်းသည်။

Thingyan Postcards and Illustrations Credit to Myanmar Rare Books, Aung Thu and KMMH Collection

Related Article